ကယားပြည်နယ် အောက်တိုဘာ ၂၄
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူ( ၁၅၀) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၆)ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၂၆)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၅) ဦး၊ လွိုင်ကော် မြို့နယ်ရှိ (PMC)များ တွင်(၄)ဦး၊ ရွာသစ်တိုက်နယ်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲမြို့ တပ်မတော်ဆေးရုတွင်(၁)ဦး၊ ဘောလခဲ မြို့နယ်ရှိ (PMC)များတွင် (၇)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ မယ်စဲ့မြို့နယ် ဆေးရုံတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၆) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၄၅၀၀)ဦး၊ ဆေးရုံဆင်း လူနာ(၄၀၂၀)ဦးရှိပြီး သေဆုံးလူနာ(၁)ဦးရှိရာ ဒီးမော့ဆိုမြို့နယ်မှဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၁၈၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၈၈) ဦး၊ Positive Medical Centre များတွင် (၄၉)ဦး၊ ဖရူဆိုမြို့နယ်တွင်(၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၆၆)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၂)ဦး၊ မယ်စဲ့မြို့နယ်တွင် (၃၅)ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး စုစုပေါင်း လူနာ (၂၉၄)ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)