ဝမ်​အောင်း​ကျေးရွာတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ​ကျေးရွာအ​ရောက် ကွင်းဆင်း၍ ထိုးနှံ​ပေး

ဖား​ဆောင်း  ​အောက်တိုဘာ  ၂၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ​​ဝမ်​အောင်းကယားကျေးရွာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိ​သေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်​ဆေး (ပထမ) အကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအသုတ် ထိုးနှံ​ပြီးသူများအား ဒုတိယအကြိမ်ထိုးနှံ​ပေးခြင်းကို ယ​နေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျေးရွာဓမ္မာရုံ​​၌ ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်​ဆေး လာ​ရောက်ထိုးနှံသူများအား ကျန်းမာ​​ရေးဦးစီးဌာနမှ သူနာပြု(၁)​ဒေါ်သက်သက်​ထွေးနှင့် ကျန်းမာ​ရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ဆီးချို၊​သွေးတိုး စသည့်​ရောဂါများ စစ်​ဆေးပေးခြင်းများ ပြုလုပ်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနံ​ပေးပြီး ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး ရှိ/မရှိ မိနစ်(၃၀)ခန့် ​စောင့်ဆိုင်း​စေခြင်းများ ပြုလုပ်​ပေးခဲ့​ကြောင်း သိရသည်။

အလားတူ ဖား​ဆောင်းမြို့နယ် ​တောင်​ပေါ်​ကျေးရွာတွင်လည်း ​​​ခဲမဖြူ ကျေးလက်ကျန်းမာ​ရေးဌာနမှ ကျန်းမာ​ရေးမှူး ​ဒေါ်သိမ့်သိမ့်ထိုက်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်​ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိ​သေးသည့် ပြည်သူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ယင်း ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်း ​ဆောင်ရွက်​​​ပေး​နေမှုကို မြို့နယ်ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ​ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer များက ပူး​ပေါင်းကူညီ ​ဆောင်ရွက်​ပေးခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်