ကယား အောက်တိုဘာ ၂၆
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယား ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၅)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၁၄၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ (၃၃)ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ ပိုးတွေ့လူနာသစ် (၃၅)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၇)ဦး၊ ဘောလခဲ မြို့နယ်ဆေးရုံတွင်(၂)ဦး၊ ရွာသစ်တိုက်နယ်ဆေးရုံတွင်(၂)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၈)ဦး၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၁၀)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင်(၂)ဦး၊ မယ်စဲ့ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၃၅) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၄၅၆၆) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၄၀၈၄)ဦးရှိပြီး ယနေ့သေဆုံးလူနာ(၂)ဦးမှာ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ် မှဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၁၉၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၇၄) ဦး၊ Positive Medical Centre များတွင် (၃၉)ဦး ၊ ဖရူဆိုမြို့နယ်တွင်(၂)ဦး၊ ဘောလခဲမြို့နယ်တွင် (၈၁)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၆)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၃၉)ဦး၊ မိုးဗြဲဆေးရုံတွင် (၁)ဦး စုစုပေါင်း (၂၉၂) ဦးအား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ပြည်နယ်