ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၄၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၁၄၂)ဦးရှိ

ကယားပြည်နယ် အောက်တိုဘာ ၂၈

လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၁)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယား ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၇)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသ သူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၁၁၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၄၄) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၄၅)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၁၀)ဦး၊ လွိုင်ကော်မြို့ရှိ(PMC)များတွင်(၂)၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၇)ဦး၊ ဘောလခဲ မြို့နယ်ရှိ(PMC)များ တွင်(၆)ဦး၊ ရွာသစ်တိုက်နယ်ဆေးရုံတွင်(၃)ဦး၊ ဖားဆောင်းမြို့နယ် ဆေးရုံတွင်(၄)ဦး၊ လိုခါးလို တိုက်နယ် ဆေးရုံတွင်(၁)ဦး၊ ဖားဆောင်မြို့နယ်ရှိ (PMC)များတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ(PMC)များတွင် (၁၁)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၄၅) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၄၆၆၅) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၄၁၄၂)ဦးရှိပြီး သေဆုံးလူနာ(၂)ဦးမှာ လွိုင်ကော်မြို့နယ်မှ ဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၁၉၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၈၂) ဦး၊ Positive Medical Centre များတွင် (၂၂)ဦး၊ ဖရူဆိုမြို့နယ်တွင်(၂)ဦး၊ ဘောလခဲမြို့နယ်တွင် (၁၀၉)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၆၃)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၅၁)ဦး၊ မိုးဗြဲဆေးရုံတွင် (၁)ဦး စုစုပေါင်း (၃၃၀) ဦး အားကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)