ကယားပြည်နယ်

ဘောလခဲမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ အချိန် ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာ ပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နေ့လည် ၁ နာရီအချိန်က ညောင်ဇင်ရပ်ကွက် ဧမာနွေလခန်းမဆောင် ၌ ပြုလုပ်သည်။

နန်းမယ်ခုံမြို့တွင် နှာခေါင်းစည်း တပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက နန်းမယ်ခုံမြို့ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့ ဒီးမော့ဆို-မိုးဗြဲ သွားလမ်းမပေါ်၌ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေလာရောက်လှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ကိုလည်း ပြည်နယ်အတွင်း လိုအပ် သည့် နေရာများသို့ အချိန်မီဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်အတွင်း

မယ်စဲ့မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်​နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုး အိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ကို ယမန်နေ့က မယ်စဲ့မြို့ပေါ် ရပ်ကွက်(၂) ရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာများသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်‌ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများက ယမန်နေ့က ဝမ်ကန်ကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစိမ်း​ရောင်​ကျေးရွာများအား ရန်ပုံ​ငွေလွှဲပြောင်း​ပေးအပ်ပွဲနှင့် သုံးသပ်​ဆွေး​နွေးပွဲ အခမ်းအနား ပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ​ရေးနှစ်တွင် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်မည့် မြစိမ်း​ရောင်​ကျေးရွာ (၂)ရွာ အား ရန်ပုံ​ငွေလွှဲပြောင်း​ပေးအပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာ​ရေးနှစ်အတွင်း ​​ဆောင်ရွက်ပြီးစီးခဲ့သည့် ​ကျေးရွာ(၉)ရွာအား သုံးသပ်​ဆွေး​နွေးခြင်း အခမ်းအနားကို ယမန်​နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအ​​ဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာ​ပေး “Talk Show’’ ပြုလုပ်

ကယားပြည်နယ်၊ ဖား​​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ကြီးမှူး၍ လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူး​ပေါင်းကာ လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာ​ပေး “Talk Show” ကို ယ​မန်နေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ နံနက်(၇)နာရီအချိန် က မော်ချီးကျေးရွာအုပ်စုတို့၌ လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်