ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၁၂၇) ဦးရှိပြီး ယမန်နေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၄၂၇၅)ဦးရှိ
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၂)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၁၂၈၂)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၂၇) ဦးမှာ Positive ဖြစ်ပါသဖြင့် ယမန်နေ့တွင် ပိုးတွေ့လူနာသစ် (၁၂၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၉)ဦး၊ သူနာပြုသင်တန်းကျောင်း (PMC)တွင် (၁၉)ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၁)ဦး၊ ဘောလခဲ မြို့နယ်ရှိ (PMC)များတွင် (၆၃)ဦး၊ ဖားဆောင်းဆေးရုံတွင် (၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များ တွင် (၅)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၂၇)ဦးနှင့် မယ်စဲ့မြို့နယ်ဆေးရုံတွင် (၁)ဦး ထားရှိကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။