ကယားပြည်နယ်

ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁)ဦး ထပ်မံတွေ့ရှိ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre မှ အမျိုးသား(၁)ဦး အား ယမန်နေ့ နံနက်ပိုင်းက RDT Test Kit စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိ လိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုများပြီး ရောဂါကူးစက်ခံရမှု လျော့နည်းရန် ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ ထိုးနှံကာကွယ်နိုင်ရန်နှင့် ပြည်သူ့များ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိနားလည်ကာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ တို့က ယမန်နေ့ ညနေ(၆)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့နယ်တွင် ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူ (၃၂၀)ဦးအား ထိုးနှံပြီးစီး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့တွင် ရှားတောမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြောက်ပိုင်းကျေးရွာအုပ်စု၊ ဒေါ်လဲဒူကျေးရွာ ဆေးပေးခန်းတို့ တွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၅၆) ဦးရှိပြီးယနေ့ထိ ဆေးရုံဆင်းခွင့် ရသူ (၂၄၂၈)ဦးရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့် (၂)ဦးစစ်ဆေးခဲ့ရာ (၂) ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၁)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၂၈၁)ဦးတို့အား ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၅၄) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၅၆)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၆) ဦး၊ မစိုးရိမ်ကျောင်းတိုက်တွင် (၁၂)ဦး၊ မြို့မရဲစခန်းတွင်(၇)ဦး၊ ဘောလခဲမြို့နယ်(PMC)များတွင် (၉)ဦး၊ လိုခါးလိုတိုက်နယ် ဆေးရုံတွင် (၁) ဦး၊ ဖားဆောင်မြို့နယ် (PMC)များတွင် (၄)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၇)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရ သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၈၆) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၃၈၉)ဦးရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့် (၁)ဦး စစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၀)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၃၈၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၅) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၈၆)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၄) ဦး၊ သူနာပြုသင်တန်းကျောင်းတွင် (၃၄)ဦး ၊ တပ်မတော်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲဆေးရုံတွင် (၃)ဦး၊ မယ်စဲ့ဆေးရုံတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၃၀)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူ ၁၆၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက စီစဉ်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က မြို့နယ်ခန်းမနှင့် နမ့်မန်းကျေးရွာ ဆေးထိုးစုရပ်တို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုများပြီး ရောဂါကူးစက်ခံရမှု လျော့နည်းရန် ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ ထိုးနှံကာကွယ်နိုင်ရန်နှင့် ပြည်သူ့များ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိနားလည်ကာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ လှည့်လည်အသိပေးနှိုးဆော်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့က ယမန်နေ့ ညနေ(၆)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးနှင့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​​ဆေးထိုးနှံ​ရေး အသိ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုနှင့် ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ရေး စသည့် အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီမှစတင်၍​ ဖား​ဆောင်းမြို့နယ်အတွင်းရှိ မြို့​ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Volunteer များက ပူး​ပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်‌‌ ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊‌ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်း သူများ၊ နာတာရှည်‌ရောဂါရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ မြောက်ပိုင်းရပ်ကွက်ရှိ တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ကျေးရွာများအရောက် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင် လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက နမ့်မန်းကျေးရွာ၌ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်