ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁၀) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၃၂၂) ဦးရှိ

ကယား နိုဝင်ဘာ ၂၅

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၂၄)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၃၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၀) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့ လူနာသစ် (၁၀)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆) ဦး၊ ဘောလခဲ မြို့နယ်ဆေးရုံတွင်(၁)ဦး၊ ရွာသစ်တိုက်နယ် ဆေးရုံတွင်(၁)ဦး၊ ဖားဆောင်မြို့နယ် ဆေးရုံတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၀) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၇၄၈) ဦး၊ ဆေးရုံဆင်း လူနာ(၅၃၂၂)ဦးရှိပြီး စုစုပေါင်း သေဆုံးလူနာ (၂၂၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၆) ဦး၊ Positive Medical Centre များတွင် (၁၄)ဦး၊ ဘောလခဲမြို့နယ်တွင် (၅၁)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၂၆)ဦး၊ မယ်စဲ့မြို့နယ်တွင် (၉)ဦး၊ ရှားတောမြို့နယ်တွင် (၃၃)ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး​စုစုပေါင်းလူနာ (၂၀၀) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)