ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။