မယ်စဲ့ နိုဝင်ဘာ ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားသော စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်း ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘနှင့် ကျောင်းသူ၊ ကျောင်းသားများက မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းအတွင်/ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စာသင်ခုံများ စနစ်တကျ စီစဉ်ထားရှိခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် အတူ ကျောင်းဖွင့်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)