ကယားပြည်နယ်

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၃၇) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၃၅၃)ဦး နှင့် ယနေ့သေဆုံးသူမရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးစစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၁၉)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၄၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၃၆) ဦးပိုးတွေ့ရှိပြီး

ရှားတောမြို့နယ် စလောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကွင်းဆင်းထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်တွင် အလယ်ပိုင်းကျေးရွာအုပ်စု စလောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်း ထိုးနှံပေး ခဲ့သည်။

ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre တွင် အမျိုးသား(၁)ဦး ကိုဗစ် Positive တွေ့ရှိ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre တွင် ဝင်ရောက်နေသူ (၄)ဦးအား Test Kit စစ်ဆေးရာ အမျိုးသား(၁)ဦး ကိုဗစ် Positive တွေ့ရှိကြောင်း သိရသည်။

ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ စ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လုပ်ငန်းအရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာနှစ် ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့‌နေ့လည်၂နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန် မြှင့်စစ်ဆေးရေး ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့ဝင်၊ထွက်ဂိတ်များတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်နေမှုကို ယနေ့ရက် နံနက် ၈ နာရီခွဲက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ကျန်းမာရေး RDT Tesk Kit စစ်ဆေးပေးခြင်းနှင့် ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်နိုင်ရေး RDT Tesk Kit စစ်ဆေးပေးခြင်းနှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြောက်ပိုင်း ရပ်ကွက်ရှိ ညောင်ခမ်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး အသိပေး နှိုးဆော်မှုများအား ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့ စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုယ်ဝန်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲ​အောက် က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေး ထိုးနှံ​တိုက်​ကျွေး

ကယားပြည်နယ် ​ဘောလခဲခရိုင် ဖား​ဆောင်းမြို့နယ်တွင် မြို့​ပေါ်ရပ်ကွက်နှင့် ​ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၁)နှစ်ခွဲ​အောက် က​လေးငယ်များအား ကိုဗစ်ကာလအတွင်း လစဉ် ပုံမှန်ကာကွယ်​ဆေး ထိုးနှံတိုက်​ကျွေးခြင်းကို ယ​နေ့နံနက် ၈နာရီ မြို့နယ်ပြည်သူ့​ဆေးရုံ၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်