ရှားတောမြို့နယ်တွင် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၁၂)ဦးအား Test Kit စစ်ဆေး

ရှားတော နိုဝင်ဘာ ၂၂

ကယားပြည်နယ်၊ ရှားတောမြို့နယ်ပြည်တွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၁၂)ဦးအား ယမန်နေ့တွင် Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive (၄)ဦး ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့သူ(၄)ဦးအား ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Positive Centre သို့ လွှဲပြောင်းထား ရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေခဲ့သည်။ ပိုးတွေ့သူများနှင့် ထိတွေ့ခဲ့သည့် Contact Person များအား ဆက်လက်ရှာဖွေ၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။

ရှားတောမြို့နယ်တွင် နိုဝင်ဘာလ (၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ စုစုပေါင်း (၁၃၉)ဦးရှိပြီး ဆေးရုံတက်ရောက် ကုသဆဲ(၄၈)ဦး၊ ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ (၉၀)ဦးနှင့် သေဆုံးသူ(၁)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီထံမှ သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)