ကချင်ပြည်နယ်

ကချင်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ်သံဃာ့နာယကအဖွဲ့၊ အကျိုးဆောင်နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သည်။

ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၄၄.၅၄)ရာခိုင်နှုန်းရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်၂၈ရက် နံနက်ပိုင်းက ထုတ်ပြန်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ(၄၄.၅၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၌ အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၄၁ ရှိ

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများအပါအဝင် သက်ဆိုင်ရာစာစစ်ဌာနများတွင်လည်း အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။

ရွှေကူမြို့၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ  ၅၂ ဒဿမ ၅၃ ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အမှတ်(၁)အခြေခံပညာအတန်းကျောင်းစာစစ်ဌာန၌ ယနေ့ နံနက် ၅ နာရီခန့်က ထုတ်ပြန်ကြေညာခဲ့ရာ  ၅၂ ဒဿမ ၅၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကျေးရွာငါးရွာမှ တောင်သူများအား မျိုးစပါးတင်း (၅၀၀) နှင့် ကျေးရွာတစ်ရွာအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၄၁ ဒဿမ ၉၅ ရာခိုင်နှုန်းအောင်မြင်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်/ရှုံးစာရင်းကို ယနေ့ နံနက် (၄) နာရီမှစတင်၍ စာစစ်ဌာနအသီးသီးတွင် တစ်နိင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာလျက်ရှိရာ ပူတာအိုခရိုင်၏ စာစစ်ဌာနသုံးခုအောင်ချက် ရာခိုင်နှုန်းမှာ ၄၁ ဒဿမ ၉၅ ရာခိုင်နှုန်းအောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မချမ်းဘောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မချမ်းဘောစာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာထားရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

နိုင်ငံတော်အစီအစဉ်ဖြင့်ပေးပို့သည့် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာအုပ် များနှင့်ကျောင်းသုံးစာရေးကိရိယာများ ပူတာအိုမြို့သို့ ထပ်မံရောက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီ အစဉ်ဖြင့်ပေးပို့လာသော  ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်း သုံးစာရေးကိရိယာများအား မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုကားလမ်းမကြီး အတိုင်း တင်ဆောင်လာသည့် မော်တော်ယာဉ်(၃)စီးသည် ဇွန် (၂၆)ရက် ညနေ(၃)နာရီက ပူတာအို မြို့သို့ရောက်ရှိလာရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများအင်အား(၅၀၀)ဦးခန့်က ခရိုင်ပညာရေး မှူးရုံးရှေ့တွင်လှိုက်လှဲစွာကြိုဆို ကြသည်။

တနိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင်  ယမန်နေ့  မွန်းလွဲ ၂ နာရီခွဲက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိ​ပညာပေးခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းကောင်းရပ်ကွက် ဟူးကောင်းခန်းမ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိ​ပညာပေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်