တနိုင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိ​ပညာပေးခြင်း အခမ်းအနားကျင်းပ

တနိုင်း ဇွန် ၂၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းကောင်းရပ်ကွက် ဟူးကောင်းခန်းမ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိ​ပညာပေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တနိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြင့်ရွှေမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် တနိုင်းမြို့နယ် ဥပဒေအရာရှိ ဦးဇင်မင်းထက်မှ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာများ ​ရှင်းလင်းပြောကြားခဲ့သည်။ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့  တနိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကျော်မြင့်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တနိုင်း(ပြန်/ဆက်)