ကချင်ပြည်နယ်

ပူတာအိုမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး(TOT)သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေအသိပညာများကျွမ်းကျင်စွာသိရှိထားပြီး ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီအောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး(TOT) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းများသို့ ဖြန့်ဝေကြောင်း သိရသည်။

မိုးကောင်းမြို့ အ.ထ.က(ခွဲ)ကံလှ၌ လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ)ကံလှ၌ ဇွန်လ(၂၅)ရက် နေ့လယ်(၁၁)နာရီတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းမြို့ခရိုင် မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့နယ်တွင် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မော်တော်ယာဉ်အသုံးပြုခြင်းနှင့် လမ်းအသုံးပြုခြင်းများအတွက် လိုက်နာရမည့်စည်းကမ်းများကို အများပြည်သူ ပိုမိုသိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်

မြစ်ကြီးနားမြို့ နန့်ကွေ့ကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန့်ကွေးကျေးရွာအတွင်း ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်က လျှပ်စစ်မီး ပလပ်ခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလီဘောပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းနှင့် ကြက်တောင်သက်တမ်းလိုက် ပြိုင်ပွဲ GODS Master Challenge ပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ဘောလီဘောအသင်းအနေဖြင့် တတိယဆုကိုရရှိခဲ့ပြီး ကြက်တောင်အားကစားနည်းတွင် သက်တမ်းလိုက်ပြိုင်ပွဲဖြစ်သည့် Gods Master Challenge ပြိုင်ပွဲတွင်ဆုရရှိသည့် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးမေခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကာမိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို   ဇွန် ၂၄ ရက် မွန်းလွှဲ (၁) နာရီက အ.ထ.က ကာမိုင်းနှင့် အ.ထ.က (ခွဲ) မြို့မ -၂ ကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက် လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်ရှိ “မြတ်သုခ” ဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်