မချမ်းဘော ဇွန် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မချမ်းဘောစာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာထားရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မချမ်းဘောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၄၁ ဦး၊ အပြင်ဖြေဆိုသူ ၃ ဦး စုစုပေါင်း ၄၄ ဦး ဝင်ရောက်ဖြေဆိုရာကျောင်းတွင်ဖြေဆိုသူ ၁၅ ဦး၊ အပြင်ဖြေဆိုသူ ၃ ဦး စုစုပေါင်း ၁၈ ဦးဖြေဆိုအောင်မြင်ပြီး ပထဝီ၊ သမိုင်းဂုဏ်ထူး ၂ဘာသာ၁ ဦး၊ ပထဝီဝင်၊ ဘောဂဗေဒဂုဏ်ထူး၂ ဘာသာ၁ဦးနှင့် ပထဝီဝင်ဂုဏ်ထူး ၁ ဘာသာ ၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ