၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၌ အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၄၁ ရှိ

မြစ်ကြီးနား ဇွန် ၂၈

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများအပါအဝင် သက်ဆိုင်ရာစာစစ်ဌာနများတွင်လည်း အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။

၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၁၈၀) ဦးဝင်ရောက်ဖြေဆိုခဲ့သည့်အနက် အောင်မြင်သူ စုစုပေါင်း (၁၁၆၃၄) ဦး အောင်မြင်မှု ရာခိုင်နှုန်း (၅၄ ဒသမ ၄၁) ရှိရာ ထူးချွန်စွာအောင်မြင်ခဲ့သည့် ၆ ဘာသာဂုဏ်ထူးရှင်(၃၁)ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် (၇၁) ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၁၂၅) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၁၄၉) ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၂၇၆)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် (၆၇၆) ဦး ထူးချွန်စွာအောင်မြင်သူစုစုပေါင်း (၁၃၂၈) ဦးရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အနေဖြင့်လည်း ၂၀၂၅- ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ (၅၀၀၂) ဦးရှိအနက် အောင်မြင်သူ (၂၇၄၂) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၅၆ဒသမ၆၄)ရာခိုင်နှုန်းရှိပြီး ၆ ဘာဂုဏ်ထူးဖြင့်အောင်မြင်သူ (၂၁) ဦးအပါအဝင် ထူးချွန်စွာဂုဏ်ထူးများဖြင့် အောင်မြင်သူစုစုပေါင်း (၆၁၀) ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)