ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၄၄.၅၄)ရာခိုင်နှုန်းရှိ

ဖားကန့်  ဇွန် ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်၂၈ရက် နံနက်ပိုင်းက ထုတ်ပြန်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ(၄၄.၅၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

၂၀၂၆ခုနှစ် ဖားကန့်မြို့နယ်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းအတွင်းဖြေဆိုသူနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း ( ၅၉၅)ဦး ဖြေဆိုရာ ( ၂၆၅)ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ( ၄၄ ဒသမ ၅၄)ရှိ‌ကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်တွင် လေးဘာသာဂုဏ်ထူးရှင်(၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃)‌‌‌‌‌ဦး၊ နှစ်ဘာသာဂု‌ဏ်ထူးရှင် (၉)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၂၈)ဦးရှိကြောင်း သိရသည်။

၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ(၄၅)ဦးရှိပြီး ရိုးရိုးဖြင့် အောင်မြင်သူ ( ၂၂၀)ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)