တနိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနိုင်း ဇွန် ၂၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင်  ယမန်နေ့  မွန်းလွဲ ၂ နာရီခွဲက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး)ဦးမိုးဇော်လင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ တနိုင်းမြို့နယ် ဥပဒေအရာရှိ ဦးဇင်မင်းထက်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားအားလုံး၏ ကိုယ်စားသင်တန်းသား တစ်ဦးမှ လက်ခံရယူသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမိုးဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တနိုင်း(ပြန်/ဆက်)