ရွှေကူမြို့၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ  ၅၂ ဒဿမ ၅၃ ရာခိုင်နှုန်း အောင်မြင်

ရွှေကူ ဇွန် ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အမှတ်(၁)အခြေခံပညာအတန်းကျောင်းစာစစ်ဌာန၌ ယနေ့ နံနက် ၅ နာရီခန့်က ထုတ်ပြန်ကြေညာခဲ့ရာ  ၅၂ ဒဿမ ၅၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲတွင် ဘာသာတွဲအလိုက် တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  (၈၁၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊(၄)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊(၃)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၉)ဦး  အပါအဝင်ဂုဏ်ထူးဖြင့်အောင်မြင်သူ (၇၀)ဦး၊ ရိုးရိုးအောင် (၃၅၆) ဦး၊ အောင်မြင်သူ စုစုပေါင်း(၄၂၆)ဦး ရှိပြီး ယခင်နှစ်ထက်အောင်ချက် ရာခိုင်နှုန်း (၃)ရာခိုင်နှုန်းခန့် ပိုမိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)