ပူတာအို ဇွန် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်/ရှုံးစာရင်းကို ယနေ့ နံနက် (၄) နာရီမှစတင်၍ စာစစ်ဌာနအသီးသီးတွင် တစ်နိင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာလျက်ရှိရာ ပူတာအိုခရိုင်၏ စာစစ်ဌာနသုံးခုအောင်ချက် ရာခိုင်နှုန်းမှာ ၄၁ ဒဿမ ၉၅ ရာခိုင်နှုန်းအောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ပူတာအိုစာစစ်ဌာနတွင် ဖြေဆိုသူ (၈၁၂) ဦးအနက် အောင်မြင်သူ (၃၄၇) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၄၂ ဒဿမ ၇၃)၊ မချမ်းဘောစာစစ်ဌာနတွင် ဖြေဆိုသူ (၄၄) ဦးအနက် အောင်မြင်သူ (၁၈) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၄၀ ဒဿမ ၉၁)၊ နောင်မွန်စာစစ်ဌာနတွင် ဖြေဆိုသူ (၃၈) ဦးအနက် အောင်မြင်သူ (၁၀) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၂၆ ဒဿမ ၃၂) ရာခိုင်နှုန်း အောင်မြင်လျက်ရှိရာ ပူတာအိုခရိုင်အနေဖြင့် ဖြေဆိုသူ (၈၉၄) ဦးအနက် အောင်မြင်သူ (၃၇၅) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၄၁ ဒဿမ ၉၅) ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် ပူတာအိုစာစစ်ဌာန၏အောင်မြင်သူ (၃၄၇) ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင် (၂၆) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ မချမ်းဘောစာစစ်ဌာနတွင် အောင်မြင်သူ (၁၈) ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ နောင်မွန်စာစစ်ဌာန၏ အောင်မြင်သူ (၁၀) ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင် (၁) ဦး အသီးသီးရရှိကြရာ ပူတာအိုခရိုင်အနေဖြင့် အောင်မြင်သူ(၃၇၅)ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၉) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး အသီးသီးရရှိကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)