မိုင်းတုံ ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံ စံပြကွက်စိုက်တောင်သူများဖြစ်သည့် ဟိုပန်ကျေးရွာအုပ်စုရှိ နောင်ရာဆိုင်၊ အောင်ချမ်းနှင့် စမ်းသီတာ (၅) မိုင်ကျေးရွာသို့ မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်ပြန်/ဆက်၊မြို့ နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲမှူးမြင့်အောင်က မှုးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့ပေးအပ်ခြင်းနှင့်ပတ်သက် ၍ အကျယ်တဝန်း ရှင်းလင်းပြောကြားခြင်း၊ အစားထိုးသီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ တောင်သူများနှင့်အကြံပြုဆွေးနွေးပြီးနောက် ဟိုပန်ကျေးရွာအုပ်စုရှိ နောင်ရာဆိုင်ကျေးရွာ၊ စမ်းသီတာကျေးရွာနှင့် အောင်ချမ်းသာကျေးရှိ တောင်သူ (၂၅) ဦးအတွက် အစေ့ထုတ်ပြောင်း (၂၀) ဧက၊ ပဲပုတ် (၁၀) ဧက စုစုပေါင်း (၃၀) ဧကတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများမှ အသီးသီးထောက်ပံ့ပေးအပ်ရာ တောင်သူ (၂၅) ဦးကိုယ်စား ဟိုပန်အုပ်စုတာဝန်ခံ ဦးကျဟဲနှင့် ဦးမောင်ဇော်တို့က လက်ခံရယူ၍ ကျေးဇူတင်စကားပြောကြားသည်။ ဆက်လက်၍ ကော်ဖီပျိုးထောင်ခြင်းကွင်းသရုပ်ပြသခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်ပြန်/ဆက်နှင့် တောင်သူများမှ ကြည့်ရှုကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်နိုင်ဝင်းက ကော်ဖီမျိုးစေ့ပျိုးထောင်ပုံပျိုးထောင်နည်းနှင့် စိုက်ပျိုးပုံစိုက်ပျိုးနည်းများကို အကျယ်တဝန်းရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)