မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲ အခမ်းအနား ပြုလုပ်

မိုင်းနောင် ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းကောင်စီအမှုဆောင်အဖွဲ့၊ ကတိသစ္စာခံယူပွဲအခမ်းအနားကို အစီအစဥ်(၇)ရပ်ဖြင့်ပြုလုပ်ကာ ကျောင်းကောင်စီအသင်းဥက္ကဋ္ဌ ဦးဇော်မြင့်သိန်းနှင့် ကျောင်းကောင်စီအတွင်းရေးမှူး ကျောင်းသားတစ်ဦး၊ကျောင်းကောင်စီ တွဲဖက်အတွင်းရေးမှူး ကျောင်းသားတစ်ဦးတို့က ဦးဆောင်၍ ကျောင်းကောင်စီအသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ အသင်းအလံများပေးအပ်ခြင်း၊ ကတိသစ္စာခံယူခြင်း၊ ကျောင်းကောင်စီ သီချင်းများသီဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကို ဆရာ၊ဆရာမ ကျောင်းသား၊ကျောင်းသူများ (၁၄)ဦးနှင့် သူငယ်တန်းမှ ဒွါဒဿမတန်းထိအသင်းခေါင်းဆောင်များ (၆၇)ဦးဖြင့် ပါဝင်ဖွဲ့စည်းကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)