ကျေးသီးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို)  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ကျေးသီး ဇွန် ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း)  လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်   တရားမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့  (အကြို)  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်စန်းစန်းယဉ်က ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို  ပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးခဲ့ကြသည်။

ကျေးသီး(ပြန်/ဆက်)