ကမာရွတ်မြို့နယ်၌ ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ကြိုတင်မဲများဖွင့်ဖောက်ရေတွက်
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်ကြိုတင်မဲများ ဖွင့်ဖောက် ရေတွက်ခြင်းကိုယေနေ့၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် စည်ပင်သာယာပိုင် ၈ တပ် အဆောက်အအုံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။