ကလော ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲတွင်ကလောမြို့နယ်ရှိ Grade-1 မှ Grade - 8 အထိ ကျောင်းသား၊ ကျောင်းသူ ၁၂၂ စာရင်းပေးသွင်းထားပြီး ၁၁၇ ဦးဝင်ရောက်ဖြေဆိုကာ ၅ ဦးပျက်ကွက်ကြောင်း၊ အတန်းအလိုက်သတ်မှတ်စာဖြေနေရာတို့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။ Placement Test(အထူးအစီအစဉ်)စာမေးပွဲကို မူလတန်းအောက်ဆင့် Grade 1 မှ Grade 3 အထိ (၁၅-၆-၂၀၂၆)ရက်နေ့မှ (၁၆-၆-၂၀၂၆)ရက်နေ့အထိလည်းကောင်း၊ မူလတန်းထက်ဆင့် Grade - 4 မှ Grade - 5 အထိ (၁၅-၆-၂၀၂၆) ရက်နေ့မှ (၁၉-၆-၂၀၂၆) ရက်နေ့အထိနှင့် အလယ်တန်းအဆင့် Grade - 6 Grade - 8 အထိကို (၁၅-၆-၂၀၂၆) ရက်နေ့မှ (၂၀-၆-၂၀၂၆) ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)