သရက်ချောင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက လူစည်းကားရာ နေရာများ၌ ဖြန့်ဝေခဲ့သည်။