ကလိန်အောင်မြို့တွင်ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ တပေါင်းလပြည့်နေ့တွင် ငွေဆွမ်းလောင်းလှူ

ကလိန်အောင် မတ် ၃

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ အထင်ကရဖြစ်သည့် ရှင်ကိုးရှင်ဘုရားတွင် အပါအဝင်ဖြစ်သည့် ကလိန်အောင်မြို့ သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲ‌တော်နှင့် ငွေဆွမ်းလောင်းလှူပူဇော်ပွဲကို မတ် ၂ ရက် နံနက် ၉ နာရီခွဲက အဆိုပါဘုရားရင်ပြင်တောင်ပေါ်၌ ကျင်းပသည်။

ဦးစွာ  ကလိန်အောင်မြို့ သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ဦးဆောင်၍ အစဉ်အလာမပြတ်ကျင်းပမြဲဖြစ်သည့် ငွေဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို အဆိုပါဘုရားရင်ပြင်ပေါ်၌ ကျင်းပရာ မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်အလှူရှင်များတို့က  ဘုန်းတော်ကြီးကျောင်းများမှ ဩဝါဒစရိယဆရာတော်ကြီးများအား အမှူးပြု‌‌သော သဒ္ဓံမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းမှ ဆရာတော် အရှင်သုစိတ္တနှင့် ပင့်သံဃာတော်အရှင်သူမြတ် အပါး(၅၀)တို့အား ငွေဆွမ်းလောင်းလှူဒါန်းကြပြီး ဆရာတော်အရှင်သုစိတ္တမှ ဩဝါဒစကားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြ‌သည်။

ပြီးနောက် ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)