ထားဝယ် မတ် ၂
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ပေးပို့ သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဖတ်ကြားသည်။
ထို့နောက် မိုးစပါးပန်းတိုင်အထွက်နှုန်းအများဆုံးရရှိသည့် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာမှ အကျိုးဆောင်တောင်သူဦးဖစုကြီးအားလည်းကောင်း၊စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ် ပြုလက်မှတ်အများဆုံးရရှိသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးသော်ဇင်ထွန်း အားလည်းကောင်း၊ ဆောင်းသီးနှံ(မတ်ပဲ)တိုးချဲ့စိုက်ပျိုးမှုဧကအများဆုံးဖြစ်သည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးဟိန်းထက်ပိုင်အားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသောဒေသ ထွက်ကုန်များ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများ၊ သစ်သီးဝလံများ၊ ဒေသထွက်သစ်သားများ၊ တန်းဖိုးမြှင့်ရေရှည် စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးမွေးမြူရေး၊ မျိုးစေ့၊ သွင်အားစုနှင့်ဒေသထွက်ကုန်များ၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းသည့်စပါးမျိုးများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး တောင်သူ လယ်သမားများအတွက် တန်ဖိုးသင့် ကောက်စိုက်စက်များစသည့် ပြခန်း(၁၈) ခန်းအားစိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)