တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကော့သောင်းမြို့ရှိလုံခြုံရေးဂိတ်များအား လိုက်လံစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် ဦးဆောင်သော ကော့သောင်းအခြေချ (ဗျူဟာအဖွဲ့) ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး တို့သည် ယမန်နေ့က ကော့သောင်းခရိုင်အတွင်းရှိမြို့များတွင် ပြည်သူလူထုအတွက် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လုံခြုံရေးဂိတ်များတွင် တရားမဝင် ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု မရှိစေရေးနှင့် တရားမဝင်ငွေကြေးကောက်ခံမှုများ မပြုလုပ်စေရေးကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ဘဝ လုံခြုံရေးကို အလေးထား ဆောင်ရွက်ရန်နှင့် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ပြေပြစ်စွာဆက်ဆံရန် မှာကြားသည်။