ဘုတ်ပြင်းမြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား (၄) ယောက်တွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား (၄) ယောက်တွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲကို ယမန်နေ့ညနေက ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။