ဘုတ်ပြင်းမြို့၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး

ဘုတ်ပြင်း ဇူလိုင် ၁၃ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ထုတ်ချေးပေးကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြိတ်ခရိုင်ဘဏ်ခွဲ ခရိုင်မန်နေဂျာ ဦးမင်းနိုင်တို့က မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး မိုးစပါးချေးငွေများအား တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေခဲ့သည်။

ဘုတ်ပြင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် တောင်သူများကို တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ဧကအတွက် ကျေးရွာအုပ်စု (၄) အုပ်စုမှ တောင်သူစုစုပေါင်း (၂၁) ဦးတို့ကို မိုးစပါးစိုက်ဧက (၁၅၁) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၄၅၃၀၀၀၀၀/) ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)