ပလောက် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပလောက်မြို့၊အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမျိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်ပတ်သက်သည်သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ စသည့်ရောဂါများအကြောင်း၊ အစာအုပ်စုများအကြောင်းကို ဟောပြောဆွေးနွေးခြင်း၊ Grade-3/Grade-4 ကျောင်းသား၊ ကျောင်းသူများအား အမြင်အာရုံစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပလောက် (ပြန်/ဆက်)