ခမောက်ကြီး ဇူလိုင် ၁၄
၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခမောက်ကြီး)တွင် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့ လူငယ်တာဝန်” “ဇူလိုင်မိုးစက် ၁၉ ရက်” “၁၉ ဇူလိုင်မမေ့နိုင်”စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ (၅၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသားကျောင်းသူ (၃၇)ဦး ပန်းချီပြိုင်ပွဲတွင် ဝင်ရောင်ယှဥ်ပြိုင်ခဲ့ကြသည်။ ကျောင်းသားလူငယ်များအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အာဇာနည်နေ့ကိုမမေ့လျော့စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)