မြိတ် ဇူလိုင် ၁၃
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်မြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလ လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် (၁၃) ရက် နံနက်ပိုင်းက အ.ထ.က (၉) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား/ကျောင်းသူများအား အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား မြိတ်ခရိုင် ဦးစီးမှူး ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ကျောင်းသား/ကျောင်းသူများအား ပေးအပ်ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)