ဘုတ်ပြင်း ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်ဥပဒေဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (ဘုတ်ပြင်း) ကျောင်း နဝရတ်ခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် အ.ထ.က (ဘုတ်ပြင်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဦးက အသိပညာပေး ဟောပြောပွဲလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေက ကလေး သူငယ်အခွင့်အရေးဆိုင်ရာများ၊ ဥပဒေများ၊ မူးယစ်ဆေးဝါးဥပဒေများ၊ လူကုန်ကူးမှုနှင့်သက်ဆိုင်သည့်ဥပဒေများ၊ သိသင့်သိထိုက်သည့်ဥပဒေများနှင့် လိုက်နာဆောင်ရွက်မည့်အချက်များနှင့် သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဟောပြောပွဲတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဥပဒေဆိုင်ရာ ဉာဏ်စမ်း မေးခွန်းများကို မြေးမြန်းခြင်းနှင့် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများကို ဥပဒေအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)