ဘုတ်ပြင်းမြို့နယ် ကျေးရွာများရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကျေးရွာများရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို စက်တင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ၊ မူလွန်-ကျွေးချောင်းကျောင်း၌ ပြုလုပ်ခဲ့သည်။