ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ( ၂၄၁ ) ဦး ဝင်ရောက်ဖြေဆိုမည်

ဘုတ်ပြင်း   မတ်     ၃

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  ၂၀၂၆ ခုနှစ် ၊ မတ်လ(၁၁)ရက်နေ့ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ အထက-ဘုတ်ပြင်းစာစစ်ဌာနတွင်  ကျောင်းသား ကျောင်းသူများဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား ၅၆ ဦး၊ ကျောင်းသူ ၁၄၆ဦး ပေါင်း ၂၀၂ ဦး ၊ ပြင်ပဖြေဆိုသူ ကျောင်းသား (၉)ဦး၊ ကျောင်းသူ ၃၀ ၊ ပေါင်း ၃၉ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ  ၂၄၁ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဘာသာတွဲအနေဖြင့်  STEAMS-1 တွင် ၂၀ ၊ STEAMS-2 တွင် ၁၈၈  ဦး၊ STAMS-1 တွင် ၃၃  ဦး၊ ဝင်ရောက်ဖြေဆိုမည်ဖြစ် ကြောင်းသိရသည်။ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက-ဘုတ်ပြင်းစာစစ်ဌာန တစ်ခုတည်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် ( ပြန်/ဆက်)