ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ-ထ-က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အ-ထ-က ကျွန်းစုကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။