မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် မျက်စိလူနာများအတွက် ကွန်ပျူတာ မျက်စိရေချိန်တိုင်းကိရိယာ နှင့် ကင်ဆာရောဂါလူနာများအတွက် အလှူငွေပေးအပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ရန်ပုံငွေ ရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ကြပြီး မြိတ်ပြည်သူ့ဆေးရုံကြီး မျက်စိလူနာများအတွက် ကွန်ပျူတာမျက်စိရေချိန်တိုင်းကိရိယာ(NCT)စက်နှင့် ကင်ဆာရောဂါလူနာများအတွက် မတည်အလှူငွေများ လှူဒါန်းပေးအပ်ကြသည်။