ကလိန်အောင်မြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် သုတ၊ ရသစာအုပ်စာစောင်များ ပြသ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသခြင်းတို့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။