ရေဖြူ မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ရာသီပေါ်ကွမ်းသီး ယခင်လကထက်ကွမ်းသီးအခြောက်ဈေးနှုန်း ကျဆင်းလျက်ရှိသည်။
ရေဖြူမြို့နယ်တွင် ကွမ်းသီးခြံများမှ နိုဝင်ဘာလမှ စတင်ခူးဆွတ် အခြောက်လှမ်းလျက်ရှိရာ ယခု ဖေဖော်ဝါရီလအထိ အထွက်နှုန်းကောင်းဆဲဖြစ်သည်။ ယခင်နှစ်က ရာသီဉတုပူပြင်းသဖြင့် ကွမ်းသီးအထွက်နှုန်းကျဆင်းပြီး ကွမ်းသီးရှားသဖြင့် ကွမ်းသီးတစ်လုံးဈေး ကျပ် ၁၃၀၊ အခြောက်သား တစ်ပိဿာဈေးနှုန်း ကျပ် ၂၀၀၀၀ကျော်သည် အထိ ဈေးကောင်းခဲ့သည်။
ယခုနှစ်တွင် ရာသီကောင်းသဖြင့် အထွက်နှုန်းတိုးပြီး ကွမ်းသီးပေါများသဖြင့် ရာသီအစတွင် တစ်လုံးဈေးမှာ ကျပ် ၈၀မှ ယခု ကျပ် ၈၀၊ အခြောက်သား တစ်ပိဿာလျှင် ယခင်ရာသီအစက ကျပ် ၁၄၀၀၀ မှ ၁၀၅၀၀ အထိ ရရှိသဖြင့် ယခင်ရာသီလအစထက် ဈေးနှုန်းတဖြေးဖြေး ကျဆင်းကြောင်း သိရသည်။
“ခူးဆွတ်ခ၊ လုပ်အားခကြီးတော့ ဒီဈေးနဲ့ဆိုရင်တော့ တွက်ခြေသိပ်မကိုက်ဘူးပြောရမှာပေါ့ဗျာ၊ တစ်ပိဿာ ကျပ် ၁၅၀၀၀ ဈေးလောက် တက်လာမလား မျှော်ရင်းအကျဘက်ပဲ ဦးတည်နေ ကြောင်း” ကွမ်းသီးခြံရှင် တစ်ဦးက ပြောသဖြင့် သိရသည်။
မြို့နယ်(ပြန်/ဆက်)