ကျွန်းစု မတ် ၉
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ကြီးကြပ်ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မတ် ၉ ရက် နံနက်ပိုင်းက အထက (ကျွန်းစု) စာစစ်ဌာန၌ ကွင်းဆင်းစစ်ဆေးသည်။
စစ်ဆေးရာတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အထက-ကျွန်းစု စာစစ်ဌာန၌ ကျန်းမာရေးဆေးပေးခန်း၊ စာစစ်ရုံးခန်းသီးသန့်စာဖြေခန်းနှင့် စာဖြေခန်းများပြင်ဆင်ထားရှိမှုအခြေအနေများ စသည်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)