ထားဝယ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူစိုးရိမ်ပူပန်မှုမရှိစေရေး ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူ စိုးရိမ်ပူပန်မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိနှင့် တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေးသည်။