တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သူနာပြုသိပ္ပံ(ထားဝယ်)ဖွင့်ပွဲ တက်ရောက်

ထားဝယ်    ဇူလိုင်  ၁၆

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် တစ်ပြိုင်တည်းဖွင့်လှစ်လျက်ရှိရာ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ(ထားဝယ်)ကို ဖွင့်လှစ်သည်။

ဦးစွာ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာ သူနာပြုသိပ္ပံ(ထားဝယ်)ဖွင့်ပွဲတက်ရောက်လာသည့်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက virtual ဖြင့်တက်ရောက်ကြပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊  လူမှုရေးရာဝန်ကြီးနှင့်ကျောင်းအုပ်ကြီးတို့က သူနာပြုသိပ္ပံ(ထားဝယ်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက ကမ္ပည်းမော်ကွန်း ကြေးပြားအားအမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး စာသင်ခန်းအတွင်း ခင်းကျင်းပြသထားသော Computer Room Skill Lab Library နှင့် ElSmart Lecture Room များအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)