ကရသူရိ ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များပြသခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အလုပ် သမားသည် တရားမဝင်ပါ၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း၊ ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် ဆောင်ရွက်ပေး စသည်တို့ကိုဟောပြောသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်များနှင့် စာအုပ်/စာစောင်များခင်းကျင်းပြသရာ ကျောင်း သား၊ ကျောင်းသူများက စိတ်ဝင်တစ်စားလေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)