သရက်ချောင်း ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာမူလွန်ပန်းတောအသင်း၊ (အ.ထ.က) သရက်ချောင်း (A) အသင်း၊ (အ-ထ-က) သရက်ချောင်း (B) အသင်း၊ (အ-ထ-က) သရက်ချောင်း (C) အသင်း၊ (အ-ထ-က) သရက်ချောင်း (D) အသင်း၊ အ-ထ-က (ခွဲ) ပိန်းတောအသင်း၊ မြို့မ (၁) အသင်းတို့မှ အားကစားသမားများအား သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် လိုက်နာရမည့် စည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲအားကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် (အ-ထ-က) သရက်ချောင်း (A) အသင်းနှင့် မူလွန်ပန်းတောအသင်း၊ (အ-ထ-က) သရက်ချောင်း (B) အသင်း နှင့် အ-ထ-က (ခွဲ) ပိန်းတောအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး (အ-ထ-က) သရက်ချောင်း (A) အသင်းက ၃ဂိုးပြတ်ဖြင့်လည်းကောင်း၊ အ-ထ-က (ခွဲ) ပိန်းတောအသင်းက ၂ဂိုး ပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့ကြောင်း အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)