ကရသူရိ ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများအား စုပေါင်းစာဖတ်ဝိုင်းပြုလုပ်ခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီက ကျောင်းစာသင်ခန်း၌ ပြုလုပ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်/စာပေချစ်မြတ်နိုးရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ကျွမ်းကျင်-၃(ရုပ်သံ)တို့က လက်တွေ့ စုပေါင်းစာပေဖတ်ရှုခြင်းကို (၁၅)မိနစ်အကြာ လေ့ကျင့်ဖတ်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)