ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းအခြေပြုပဏာမ မျက်စိကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပလောက် ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဇူလိုင်လ(၁၆)ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာလွင်က အဖွင့်အမှာစကားပြောကြားပြီး  မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မိုးရာသီတွင် အဖြစ်များသော ရောဂါများအကြောင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ Ready Made Food အစားအစာများ စားသုံးမှုလျှော့ချရေး၊ ပလတ်စတစ်ဖော့ဘူး သုံးစွဲမှုလျှော့ချရေး ၊ဆိုးဆေးပါသောမုန့်များစားသုံးမှု လျှော့ချရေးကို ပညာပေးဟောပြောခဲ့ပြီး Grade-3/Grade-4 ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးအား အမြင်အာရုံ စစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပလောက် (ပြန်/ဆက်)