ကျွန်းစုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုနေ့လယ်စာဧည့်ခံကျွေးမွေးခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

ကျွန်းစု ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကျွန်းစုမြို့နယ်မှ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး မိမိတို့နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားကောင်းရတနာများအား ဂုဏ်ပြုနေ့လယ်စာဧည့်ခံကျွေးမွေးခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက ကျွန်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမစတင်မီ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသူများအား မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပန်းကုံးများစွပ်ပေး၍ ပန်းစည်းများ ပေးအပ်ကာ နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူ ၁၃ ဦးအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများကိုယ်စား ဦးစောဘရာဇီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။။

ထက်မြင့်(ကျွန်းစု)