တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး “ကျောင်းအပ်နှံရေးနေ့” အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့သီချင်း” ဖြင့် သီဆိုကပြဖျော်ဖြေသည်။