ကော့သောင်း မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.ကခွဲ အ.လ.က ၁ (အဏ္ဏဝါ)ကျောင်းနှင့် အဏ္ဏဝါရပ်ကွက်တို့တွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိမရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန်အသိပညာပေးခြင်း၊ သောက်ရေသုံးရေထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ဘုရားပန်းအိုးများအားခြင်မပေါက်ပွား အောင်လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့် အုတ်ကန်များကို ရေစစ်ဖြစ်စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းများဆောင်ရွက်၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကော့သောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)