တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌  အငယ်တန်း၊အလွတ်တန်း အမျိုးသားအမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မျိုးဆက်သစ်ကြက်တောင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၌ အငယ်တန်း၊ အလွတ်တန်း အမျိုးသားအမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညက ရွှေဘုံသာရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်ဦးစီးဌာနတို့ပူးပေါင်း၍ သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အခြေခံပညာမူလတန်းကျောင်း(မြို့တွင်းရပ်) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (မြို့တွင်းရပ်) ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၇၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က အဆိုပါ ကျောင်း၌ ကျင်းပသည်။

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသအခေါ် တညင်းသီးများထွက်ရှိ၍ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ပြည်သူများသည် နှစ်ရှည်၊  နှစ်တိုဉယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် သဘာဝတောတောင်များမှထွက်ရှိသည့် ရာသီပေါ်သီနှံများကို ဆွတ်ခူးရောင်းချလျက်ရှိရာ  ဒေသထွက်တညင်းသီးများဈေးကောင်းရရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် ပဲတောင့်ရှည်များအားစီးပွားဖြစ်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိဒေ သခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက်  သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။

ဘုတ်ပြင်းမြို့၌  မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်တက်ရောက်ပြီး သစ်ပင်ပျိုးပင်အား စိုက်ပျိုးပေး    

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ(၂၉)ရက် နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေး (၂၀၂၅)ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ပြီး ဝန်ကြီးချုပ် ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စိုက်ပျိုးပေးကြသည်။

ထားဝယ်မြို့တွင်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ ထားဝယ်မြို့မှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက်ပိုင်းတွင် စတင်ထုတ်ချေးပေးခဲ့သည်။

မိုးစပါးစိုက်တောင်သူ (၃၄၀၀) ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးမည်

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများ ရရှိစေရေးအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ မြို့နယ်များရှိ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ (၃၄၀၀) ကျော်အား စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့နံနက်ပိုင်းမှ စတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး